Internet Journal

 

Be the first to review

အင်တာနက်ဂျာနယ်မှာ မြန်မာနိုင်ငံ၏ထိပ်တန်းအိုင်တီနှင့်မိုဘိုင်းဂျာနယ်ဖြစ်ပြီး ထုတ်ဝေဖြန့်ချိခဲ့သည်မှာ နှစ်ပေါင်း (၂၀) ရှိပြီဖြစ်ပါသည်။ အင်တာနက်ဂျာနယ်အနေဖြင့်  နောက်ဆုံးပေါ်နိုင်ငံတကာနှင့် ပြည်တွင်းမှ နည်းပညာ ၊ပညာရေး၊မိုဘိုင်းနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာ သတင်းများ၊  ဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲသုံးသပ်ချက်များအပြင် အခြားခြားသော စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကို ဂျာနယ်အပြင် ဒီဂျစ်တယ် ပလက်ဖောင်းများဖြစ်သည့် YouTube , Facebook, Instagram, Viber စသည့် Channel များတွင်ပါတင်ဆက်ပေးလျက်ရှိပါသည်။ ထို့အပြင် IJ Daily Newsletter နှင့် Mini Newspaper ကိုလည်းတင်ဆက်ပေးလျက်ရှိပါသည်။

အင်တာနက်ဂျာနယ်အနေဖြင့် IJ Marketplace အပြင် မိုဘိုင်းဖုန်းမှတစ်ဆင့် သတင်များကို ဖတ်ရှုနိုင်မည့် Internet Journal မိုဘိုင်း application ၊ ဒီဂျစ်တယ်ဗားရှင်းဖြစ်သည့် PDF ဖြင့် ဖတ်ရှုနိုင်မည့် Internet Journal PDF( https://pdf.internetjournal.media/) ဝန်ဆောင်မှုများကိုလည်း အသစ်တင်ဆက်ပေးထားပါသည်။ အင်တာနက်ဂျာနယ်ကို မိုဘိုင်းဖုန်းမှတစ်ဆင့်ဖတ်ရှုလိုသူများနေဖြင့် မိုဘိုင်း Application များကို Android အတွက် https://bit.ly/2J3MKuK  မှလည်းကောင်း၊  iOS အတွက် https://apple.co/3nO4pGd မှလည်းကောင်းရယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။  ဒီဂျစ်တယ်ဗားရှင်းဖြစ်သည့် PDF ဖြင့် ဖတ်ရှုလိုသူများအနေဖြင့် https://pdf.internetjournal.media/ မှတစ်ဆင့် ဝင်ရောက်ကာ subscribe ပြုလုပ်ရန်လိုအပ်ပြီး လစဉ်ကြေးအနေဖြင့် သုံးလစာအတွက် ၆,၀၀၀ ကျပ်၊ ခြောက်လစာအတွက် ၁၁,၀၀၀ ကျပ်နှင့် တစ်နှစ်စာအတွက် ၂၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပါသည်။  အင်တာနက်ဂျာနယ်မှ အသစ်တင်ဆက်လိုက်သည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များကို  ဖုန်း 09-443032928 နှင့်  09-420105300 သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ပါသည်။