FAQ

FAQ (မေးလေ့မေးထရှိသောမေးခွန်းများ)

IJ Marketplace ဆိုတာဘာလဲ?

IJ Marketplace မှာ အင်တာနက်ဂျာနယ်မှ အသစ်တင်ဆက်လိုက်တဲ့ Directory ပုံစံဝန်ဆောင်မှု တစ်ခုဖြစ်ပါ တယ်။ IJ Marketplace မှာဆော့ဖ်ဝဲကုမ္ပဏီတွေ၊ ဝက်ဆိုက်ရေးသားမှုကိုဝန်ဆောင်မှုပေးလျက်ရှိတဲ့ကုမ္ပဏီတွေ၊ သင်တန်းကျောင်းတွေ၊ ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းအရောင်းဆိုင်တွေ၊ ပြည်တွင်းမှာဖွင့်လှစ်သင်ကြာပေးလျက်ရှိတဲ့ တက္ကသိုလ်တွေ၊မိုဘိုင်းဖုန်းနဲ့ကွန်ပျူတာဆားဗစ်စင်တာတွေအပြင် အခြားခြားသော သက်ဆိုင်ရာကဏ္ဍတွေနဲ့ ပတ်သက်တဲ့ လိပ်စာတွေ၊ ဝန်ဆောင်မှုတွေ၊ တင်သွင်းရောင်းချနေတဲ့ ပစ္စည်းတွေ၊ ဖွင့်လှစ်သင်ကြား နေတဲ့သင်တန်းတွေအပြင် အခြားအခြားသောအချက်အလက်တွေကို ဝင်ရောက်အသုံးပြုသူအလွယ်ကူဆုံး၊ အရှင်းလင်းဆုံးနဲ့အသုံးပြုနိုင် အောင်လုပ်ဆောင်ထား တဲ့၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ IJ Marketplace မှာ Free service, Premium service နဲ့ Branded service ဆိုပြီး သုံးမျိုးရှိပါတယ်။

IJ Marketplace မှာပါဝင်မယ်ဆိုရင် အခကြေးငွေပေးဆောင်ရတာမျိုးရှိပါသလား?

IJ Marketplace မှတော့ အပိုင်းလေးပိုင်းခွဲခြားပြီး ဝန်ဆောင်မှုပေးထားပါတယ်။ အခမဲ့ ပါဝင်နိုင်မယ့် Free Service နဲ့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးသွင်းပြီး ပါဝင်နိုင်မယ့် Premium Service , Branded Service ဆိုပြီးသုံးမျိုးရှိပါတယ်။

IJ Marketplace မှာ ပါဝင်ဖို့အတွက်ဘာတွေလုပ်ဆောင်ရပါမလဲ?

IJ Marketplace မှာ ပါဝင်ဖို့အတွက် မဖြစ်မနေဖြည့်သွင်းရမယ့် အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်သွင်းဖို့လိုအပ်ပါတယ်။

IJ Marketplace ကို အသုံးပြုတဲ့အခါ ဘယ်လိုအားသာချက်တွေရှိမလဲ?

IJ Marketplace မှာပါဝင်မယ့်လုပ်ငန်းတွေအနေနဲ့ ထည့်သွင်းမယ့် အချက်အလက်တွေကို ပေးပို့ပေးရန်မလို အပ်ဘဲ ကိုယ်တိုင်ဝင်ရောက်ပြီးအချက်အလက်​တွေ ဖြည့်သွင်းခြင်းကို လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့ပြင်ဆင်လိုတဲ့အချိန်မှာ စောင့်ဆိုင်းစရာမလိုဘဲ လွယ်ကူလျင်မြန်စွာနဲ့ ပြင်ဆင်နိုင်မယ့် အားသာချက်တွေ ရှိမှာဖြစ်ပါတယ်။နောက်ထပ်အားသာချက်အနေနဲ့ ကိုယ်ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

IJ Marketplace မှာပါဝင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲ?

IJ Marketplace မှာပါဝင်တဲ့လုပ်ငန်းတွေအနေနဲ့ မိမိတို့ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပုံစံတစ်ခုကဲ့သို့ဖော်ပြခွင့်ရရှိမှာဖြစ်သလို IJ Marketplace ဘက်မှထပ်ဆောင်းရယူလိုက်တဲ့၀န်ဆောင်မှုများမှတစ်ဆင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီး မှာလုပ်ကိုင်လျက်ရှိတဲ့ CEO, CIO, HR Manager, Sales and Marketing Manager နဲ့ Decision Maker တွေထံသို့လည်းမိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အချိန်နဲ့တပြေးညီပေးပို့နိုင်မှာဖြစ်ပါတယ်။

Free Service နဲ့ အခကြေးငွေပေးသွင်းရတဲ့ ဝန်ဆောင်မှုသုံးမျိုးကဘယ်လိုမျိုးကွာခြားချက်တွေရှိပါသလဲ?

IJ Marketplace မှာ အခမဲ့ဝန်ဆောင်မှုပေးတဲ့ Free Service မှာတော့ လုပ်ငန်းအမည်၊လိုဂို၊ လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်းအကြောင်း၊ လုပ်ငန်းကနေတင်သွင်းနဲ့ ပစ္စည်းဓာတ်ပုံ ဒါမှမဟုတ် ဝန်ဆောင်မှုပေးနေတဲ့ ဓာတ်ပုံ၊ ဝန်ဆောင်မှုနဲ့ တင်သွင်းတဲ့ ပစ္စည်းအမျိုးအစား၊ လုပ်ငန်းကနေ တည်ဆောက်ထားတဲ့ ဆိုရှယ်မီဒီယာလင့်တွေအပြင် လုပ်ငန်းတည်ရှိရာနေရာကို Google Map ဖော်ပြပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုဖော်ပြတဲ့နေရာမှာတော့ free service မှာ ပုံအရေအတွက် ၂ ပုံကိုသာ ပြသပေးမှာဖြစ်ပါတယ်။

Premium Service

Premium Service မှာတော့ free service နဲ့ ordinary service မှာရရှိမယ့် အချက်တွေအပြင် ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းတွေဖော်ပြထားတဲ့ IJ Marketplace ဝက်ဘ်စာမျက်နှာမှာ Banner Ads ဖော်ပြခွင့်ရရှိခြင်း၊ အင်တာနက်ဂျာနယ်မှ တင်ဆက်ဝန်ဆောင်မှုပေးလျက်ရှိတဲ့ Mini Newspaper နဲ့ Newsletter မှာ ကြော်ငြာစာမျက်နှာတစ်ဝက် ဖော်ပြခွင့်ရရှိခြင်းအပြင် အပတ်စဉ် တနင်္လာနေ့တိုင်းထွက်ရှိနေတဲ့ အင်တာနက်ဂျာနယ်မှာ စာမျက်နှာတစ်ဝက် သတင်းဆောင်းပါး ဖော်ပြခွင့်တွေကိုရရှိမှာဖြစ်ပါတယ်။Premium service မှာ ဓာတ်ပုံဖော်ပြတဲ့အခါ ပုံအရေအတွက် ၆ ပုံကို ပြသပေးမှာဖြစ်ပါတယ်။

Branded Service

Branded Service မှာတော့ free service ,ordinary service နဲ့ premium service မှာရရှိမယ့် အချက်တွေအပြင် တင်သွင်းရောင်းချနေတဲ့ပစ္စည်းတွေကို ပုံနှင့်တကွာ စာသားများဖော်ပြပေးမယ့် catalogue ၊အင်တာနက်ဂျာနယ် facebook စာမျက်နှာတွင် ပုံနှင့်စာတွဲဖက်ဖော်ပြခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

IJ Marketplace မှFree Service ကိုပဲယူထားပြီး အခြားကဏ္ဍတွေထပ်တိုးထည့်ချင်တယ်ဆိုရင်ရော လုပ်ဆောင်လို့ရပါသလား?

Free service ယူထားပြီး အခြား ကဏ္ဍတွေကို ထပ်တိုးထည့်ချင်တယ်ဆိုရင်လည်း ထပ်တိုးဝန်ဆောင်မှုအနေနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
IJ Marketplace ကနေထပ်ဆောင်းဝန်ဆောင်မှုပေးမယ့် ဝန်ဆောင်မှုတွေကတော့
Video Link ဝန်ဆောင်မှု – Video Link ထည့်သွင်းရန် ဗီဒီယိုရိုက်ကူးခြင်း
CEO Profile ထည့်သွင်းခြင်း
Branding Contents ရေးသားခြင်း
eCommerce Catalogue ဖော်ပြခြင်း
Facebook Article တွင်ဆောင်းပါးဖော်ပြခြင်း
Facebook Article တွင်ဆောင်းပါးဖော်ပြရန်ဆောင်းပါးရေးသားခြင်း

IJ Marketplace မှာဝင်ရောက်ထားတဲ့ကုမ္ပဏီတွေအနေနဲ့ အထူးအခွင့်အရေးအနေနဲ့ ဘာတွေရရှိနိုင်ပါသလဲ?

IJ Marketplace မှာ ဝင်ရောက်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ အင်တာနက်ဂျာနယ် Facebook စာမျက်နှာတွင် သတင်းဆောင်းပါးတင်ခြင်း၊ အင်တာနက်ဂျာနယ်ဝက်ဘ်ဆိုက်တွင် ကြော်ငြာထည့်သွင်းခြင်း၊ အင်တာနက်ဂျာနယ်တွင် ကြော်ငြာထည့်သွင်းခြင်းများအတွက် Ordinary Service ရယူထားသူတွေအနေနဲ့ ၁၀ ရာခိုင်နှုန်း၊ Premium Service ယူထားသူတွေအနေနဲ့ ၂၀ ရာခိုင်နှုန်းနဲ့ Branded Service ယူထားသူတွေအနေနဲ့ ၃၀ ရာခိုင်နှုန်း ကြော်ငြာခ သက်သာခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။